Web based application အကြီးစားများအတွက် ကိုယ်ပိုင်သီးသန့် Operating System (OS)၊ သီးခြားသတ်မှက်ထားသော RAM၊ သီးခြားသတ်မှက်ထားသော Storage space နှင့် Full Root Access များပါဝင်သော Virtual Private Server (VPS) နှင့် Dedicated Server များကို Shwe Hosting တွင်ဝယ်ယူနိုင်ပါသည်။
Shwe Hosting မှ ရောင်းချသည့် VPS နှင့် Dedicated Server ၏ အားသာချက်များ
Virtual Private Server (VPS) ဆိုသည်မှာ Virtualisation ပြုလုပ်ထားသော Server ၏ တစ်စိတ်တစ်ပိုင်းတွင် ကိုယ်ပိုင်သီးသန့် Operating System (OS) install ပြုလုပ်ကာ application အကြီးစားများ host လုပ်ရန်အတွက်ဖြစ်ပါသည်။ သီးခြားသတ်မှက်ထားသော RAM ၊ သီးခြားသတ်မှက်ထားသော Disk Space များ ၊ Full Root Access များ ၊ Independently Reboot ပြုလုပ်နိုင်ခြင်း အစရှိသောအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
Dedicated Server ဆိုသည်မှာ မိမိအိမ်မှ PC တစ်လုံးကဲ့သို့ Rack Server Hardware တစ်ခုလုံးအား အသုံးပြုနိုင်မည်ဖြစ်သောကြောင့် Server ၏ CPU, Memory, Hard Drive, Bus speed များအားလုံး အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
VPS တွင်ဖော်ပြထားသော အကျိုးကျေးဇူးများ အားလုံးရရှိမည့်အပြင် Server တစ်ခုလုံးအား မိမိစိတ်ကြိုက် စီမံအသုံးပြုနိုင်မည်ဖြစ်ပါသည်။