cPanel ထဲသို့ Domain အသစ်တစ်ခုအား Add-on အနေဖြင့်ထပ်ထည့်ခြင်း

Add-on Domain ဆိုတာ (cPanel) hosting account တစ်ခုထဲကို နောက်ထပ် domain တစ်ခုထပ်ထည့်တာပါ။ ထပ်ထည့်တဲ့ domain ကို hosting ထဲက folder တစ်ခုကို point လုပ်ပြီး နောက်ထပ် (အသွင်မတူတဲ့) သီးခြား website တစ်ခုတည်ဆောက်လို့ရပါတယ်။ အောက်ပါ step များကိုကြည့်ပါ။

Step-1
အနေဖြင့် Domain အား Register ပြုလုပ်ပြီးပြိ (ဝယ်ပြီးပြီဟု) ယူဆပါမယ်။ အကယ်၍ မဝယ်ရသေးပါက Shwe Hosting တွင်ဝယ်ယူရန် ဤ link အားနိပ်ပါ

Step-2
အနေဖြင့် အသုံးပြုလိုသော Domain အား Shwe Hosting ၏ NameServers သို့ point လုပ်ပေးရန်လိုအပ်ပါတယ်။ Shwe Hosting မှ Domain ဝယ်ရင် domain pointing အား Support Team မှပြုပေးမှာပါ။

Step-3
Hosting Control Panel (cPanel) ကို login ပါ။

  • Login မဝင်ရသေးပါက login ဝင်ရန် ဤ link အားနိပ်ပါ
  • cPanel ထဲရှိ Domains ဆိုတဲ့ခေါင်းစဉ်အောက်မှာ 'Addon Domains' ဆိုတာကိုနှိပ်ပါ
  • သတိပြုရန်။    ။ Hosting package များတွင် Add-on Domain အားကန့်သန့်ချက်များရှိပါတယ်။ အကယ်၍ သင်၏ hosting pacakge သည် S-Starter ဖြစ်ပါက 'Addon Domains' အားမြင်ရမည်မဟုတ်ပါ
  • 'Addon Domains' page ၏ 'New Domain Name' text box တွင် သင်၏ Domain name အား ထည့်ပါ။ www မထည့်ရပါ။
  • 'Document Root' သည် ထို Domain ၏ Root folder အတွက်ဖြစ်ပါတယ်။ (*JavaScript autogenerate အဖြင့် ထို value အား အလိုအလျှောက်ထည့်ပေးသွားပါမည်။ ထို folder အား သိသာထင်ရှားစေရန် (သို့) မိမိလိုချင်သော folder name ပေးနိုင်ပါတယ်။*)
  • ဤ Add-on Domain အသစ်အား FTP Account အသစ်တစ်ခုဆောက်လိုပါက 'Create an FTP account associated...' အားနှိပ်ပြီး ဆောက်နိုင်ပါသည်။ (*FTP Account အသစ် မလိုပါက မလုပ်ရန် တိုက်တွန်းပါသည်။*)
  • အားလုံးပြီးရင် Add Domain ကိုနှိပ်ပါ
  • Successful ဖြစ်သည်ဆိုသည်နှင့်တစ်ကွ ထို Domain အား စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်