Outlook Data File များအား Restore ပြုလုပ်ပုံ (*Advanced User များ အတွက်သာ*)

ဤ Tutorial တွင် Outlook Data File များအား Restore ပြုလုပ်ပုံအား ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။ ဤ Tutorial အား မပြုလုပ်ခင် Outlook Data File များအား Backup ပြုလုပ်ရန် လိုအပ်ပါက "Outlook Data File များအား Backup ရယူပုံ" Tutorial အား အရင်ဦးစွာ ပြုလုပ်၍ Backup ရယူရန် လိုအပ်ပါသည်။

Backup File ကို MS Outlook တွင် ပြန်လည် Restore / Import လုပ်မည်ဆိုပါက အောက်ပါအတိုင်း တစ်ဆင့်ချင်းဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

  • MS Outlook ကို ဖွင့်၍ ဘယ်ဘက်ထောင့်အပေါ်နားတွင်ရှိသော File ကိုသွားပါ။
  • "Open & Import" ကို ဆက်သွားပါ။
  • "Import from a another program or file" ကို ရွေးပြီး Next ကို နှိပ်ပါ။
  • "Outlook Data File (.pst )" ကိုရွေးပြီး Next ဖြင့် ဆက်သွားပါ။
  • မိမိ သိမ်းဆည်းထားသော Backup File ကို Browse လုပ်၍ Import လုပ်ပါ။
  • Backup File သည် နည်းလမ်း (၁) ဖြင့် ရယူထားသော Copy Backup ဖြစ်ပါက Password တောင်းသည့် Box မကျပါ။ နည်းလမ်း (၂) ဖြင့် ရယူထားသော Backup File ဆိုပါ Backup Export လုပ်ထားသည့်အချိန်က မိမိထားရှိထားသော Password တောင်းသည့် Box ကျလာပါလိမ့်မည်။ Password ရိုက်ပေးရပါမည်။
  • *သတိပြုရန်မှာ မိမိ Import လုပ်မည့် Email account ၏ Inbox ကို Select မှတ်ထားရန်လိုအပ်ပါသည်။*
  • Email Backup File Size ပေါ်မူတည်၍ Backup File Import ပြီးဆုံးရန် အချိန်ခေတ္တခဏစောင့်ဆိုင်းရမည် ဖြစ်ပါသည်။ *မဟုတ်ပါက Backup File တစ်ခုအနေဖြင့် (သို့) သီးသန့် Account တစ်ခုအနေဖြင့် Outlook တွင်ရောက်ရှိသွားမည်ဖြစ်သောကြောင့် ၎င်း Data File တွင်ပါရှိသော Email များကို ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သော်လည်း အသုံးပြု၍ရမည်မဟုတ်ပါ။* (ဥပမာ ။   ။ Email Reply ပြုလုပ်ခြင်း၊ Email Forward ပြုလုပ်ခြင်း)