Email Password ပြောင်းလဲနည်း

Shwe Hosting/NetScriper တွင် Domain, Hosting, Business Email ဝယ်ယူထားသော Customer များ (သို့) Website အပ်နှံထားသော Customer များအတွက် Email Password ပြောင်းလဲနည်းကိုဖော်ပြပေးလိုက်ပါတယ်။ Email Password ပြောင်းလဲနည်း (၂) နည်းရှိပါတယ်။

နည်းလမ်း (၁)
cPanel Access ရှိပါက cPanel ထဲမှ Email Password ပြောင်းပါမယ်။

  • လူကြီးမင်းတို့တွင် cPanel သို့ဝင်ရောက်နိုင်သည့် Access ရှိပါက cPanel သို့Login ဝင်ပါ။ ဤ link အားနိပ်ပါ
  • cPanel သို့ Login ဝင်ပြီးပါက Email Tab ကို နှိပ်ပြီး Email Account ကို ထပ်နှိပ်ပါ။
  • ထို Email Account အောက်တွင် လူကြီးမင်းတို့ ပြုလုပ်ထားသည့် Email Account များကို မြင်တွေ့ရပါမယ်။ လူကြီးမင်းတို့Password ပြောင်းချင်သည့် Email Account ၏ ညာဘက်တွင် ပါရှိသော Manage ကို နှိပ်ပြီး Email Password အသစ်ပြောင်းနိုင်ပါသည်။
  • New Password နေရာတွင် Email Password ကို ပိုမိုလုံခြုံမှုရှိစေရန် Lowercase, Uppercase Letters, Numbers, and Special Character Symbols (!@#$%) များဖြင့်တွဲဖက်၍ Password Strength ကောင်းအောင်ထည့်ပေးရပါမယ်။
  • Password အသစ်ထည့်ပြီး အောက်ဆုံးတွင် Update Email Settings ကိုနှိပ်ပါ။

နည်းလမ်း (၂)
Webmail ထဲမှ Email Password ပြောင်းပါမယ်။

  • လူကြီးမင်းတို့Email ထဲတွင် Shwe Hosting/NetScriper မှ ပေးပို့ထားသော Webmail Username နဲ့Password ဖြင့် Webmail ထဲသို့Login ဝင်ပါ။ ဤ link အားနိပ်ပါ
  • Webmail ထဲသို့ Login ဝင်ရောက်ပြီးပါက Webmail ၏ ညာဘက်ထောင့်ထိပ်တွင် ရှိသော လူကြီးမင်းတို့ Email Account ၏ အောက်မှ Down Arrow ကို နှိပ်ပြီး Password & Security နှိပ်ပါ။
  • New Password နေရာတွင် Email Password ကို ပိုမိုလုံခြုံမှုရှိစေရန် Lowercase, Uppercase Letters, Numbers, and Special Character Symbols (!@#$%) များဖြင့်တွဲဖက်၍ Password Strength ကောင်းအောင်ထည့်ပေးရပါမယ်။
  • Password အသစ်ထည့်ပြီး အောက်တွင် Password ကို Confirm လုပ်ဖို အပေါ်မှာ ထည့်ခဲ့သည့် Password ပြန်ထည့်ပေးပြီး Save ကို နှိပ်ပါ။
Email Password ပြောင်းလဲနည်း (Video Tutorial - T014)