Outlook Data File များအား Backup ရယူပုံ (*Advanced User များ အတွက်သာ*)

Outlook Data File ဆိုသည်မှာ မိမိ၏ Email Account (eg; [email protected]) ကို MS Outlook ဖြင့် Email များ အသုံးပြုနေသည်ဆိုပါက ၎င်း Data File တွင် မိမိအသုံးပြုထားသော ( Send and Receive Email Messages) များပါဝင်သည့် Data File တစ်ခုဖြစ်ပါသည်။ ပုံမှန်အနေဖြင့် ၎င်း Data File သည် C:\User\... အောက်တွင်ရှိပါသည်။

Outlook 2013 / 2016 / 2019 များဖြင့် Email များအသုံးပြုနေပြီး လက်ရှိမိမိတို့အသုံးပြုနေ / အသုံးပြုထားသော Data File ကို Backup ယူမည်ဆိုပါက အောက်ပါနည်းလမ်းများဖြင့် Backup များရယူသိမ်းဆည်းထားနိုင်ပါသည်။

နည်းလမ်း (၁)

  • "Control Panel" သို့သွားပါ။
    (Windows 10 တွင် "Control Panel" သွားရန် အခက်အခဲရှိပါက Ctrl+R ဖြင့် Run Box ခေါ်ပြီးသွားနိုင်ပါတယ်။)
  • "Mail (Microsoft Outlook 2016)" ကို ဆက်သွားပါ။
  • "Data Files" ကို နှိပ်ပါ။
  • လက်ရှိ မိမိ၏ PC တွင် အသုံးပြု / ထည့်သွားထားသော Email Account (eg: [email protected]) ကို တွေ့ပါလိမ့်မည်။ ထို Email Account ပေါ်တွင် Select မှတ်ပြီး "Open File Location" ကို Click နှိပ်၍ C:\Users\.... File location သို့ ဆက်သွားပါ။
  • အကယ်၍ Data File ၏ File Extension သည် (.pst) ဖြစ်ပါက ၎င်း File ကို Copy ယူ၍ မိမိတို့၏ PC တွင်သာမက External Hard Disk များတွင်လည်း Copy Backup အနေဖြင့် သိမ်းဆည်းထားရန်လိုအပ်ပါသည်။
    (File Extension (.ost / .pst ) မပေါ်ပါက ၎င်း Data File ပေါ်တွင် Select မှတ်၍ " Right Click >> Properties >> General (Type of File) " တွင် ကြည့်နိုင်ပါသည်။)
    *Data File သည် (.pst) မဟုတ်ပဲ (.ost) ဖြစ်နေပါက နည်းလမ်း(၁) အတိုင်း Copy Backup ယူ၍မရပါ။ နည်းလမ်း(၂) အား အသုံးပြုပါ။*

နည်းလမ်း (၂)

  • MS Outlook ဖွင့်၍ ဘယ်ဘက်ထောင့်အပေါ်နားတွင်ရှိသော File ကိုသွားပါ။
  • "Open & Export >> Import/Export" ကိုသွားပါ။
  • "Export to a File" ကိုရွေးပြီး Next ဖြင့် ဆက်သွားပေးပါ။
  • "Outlook Data File (.pst)" ကို ရွေးပြီး Next ဖြင့် ဆက်သွားပါ။
  • မိမိ Export လုပ်ချင်သည့် Email Account ကို ရွေး၍ Next ဖြင့် ဆက်သွားပေးပါ။
  • ပြီးလျှင် ယခု Export လုပ်မည့် Data File ကို မည်သည့်နေရာတွင် သိမ်းဆည်းမည်ကို ရွေးချယ်ပြီး Finish ကို နှိပ်ပေးပါ။
  • Export ယူထားသော Backup File လုံခြုံမှုအတွက် Password တောင်းပါလိမ့်မည်။ ပေးလိုသော Password ရိုက်ပေးပါ။
    *တစ်ခါတစ်ရံ "Create Outlook Data File" နှင့် "Outlook Data File Password" ဟူ၍ Password ၂ ခါ တောင်းပါလိမ့်မည်။
    အားလုံးကို Password အတူတူထားပေးပါ။ Password အား သေချာစွာ မှတ်သားထားပါ။
    (Import ပြန်လုပ်မည်ဆိုပါက ၎င်း Password လိုအပ်သည်ဖြစ်၍ ခက်ခဲလွန်းသော Password များရိုက်ရန်မလိုပါ။)

  • မိမိအသုံးပြုထားသော File Size ပေါ်မူတည်၍ Backup File Export ပြီးဆုံးရန် အချိန်အနည်းငယ်စောင့်ပေးရမည်ဖြစ်ပါသည်။
  • Export လုပ်ပြီးပါက .pst File (eg; backup.pst , mgmg.pst) ကို မြင်တွေ့ရပါမည်။ ၎င်း Data File ကို Copy ယူ၍ အထက်ဖော်ပြပါ နည်းလမ်း(၁) အတိုင်း မိမိတို့၏ PC တွင်သာမက External Hard Disk များတွင်လည်း Copy Backup အနေဖြင့် သိမ်းဆည်းထားရန်လိုအပ်ပါသည်။