Email Spam Filter တွင် Whitelist / Blacklist ချိန်ညှိပုံ (*Advanced User များ အတွက်သာ*)

ဤ Tutorial တွင် Email Spam Filter ၏ Whitelist နှင့် Blacklist ချိန်ညှိပုံအား ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။ ဤ Tutorial အား မပြုလုပ်ခင် Spam Email များ ဝင်၍ Filter Setting များ ချိန်ညှိလိုပါက "Spam Email များ မဝင်စေရန် Spam Filter ချိန်ညှိအသုံးပြုပုံ" Tutorial အား အရင်ဦးစွာ ပြုလုပ်၍ Whitelist နှင့် Blacklist များ လိုအပ်မှသာ အောက်ပါ Tutorial အား ပြုလုပ်ပါ။

Whitelist (Emails Always Allowed) ထားရှိခြင်း

မိမိတို့နှင့် အမြဲဆက်သွယ်နေသော / မိမိတို့အလိုရှိသော Email များကို Spam အနေနဲ့ မသတ်မှတ်စေပဲ (Spam Folder ထဲသို့မရောက်ပဲ) အမြဲတစေ Inbox သို့သာ တိုက်ရိုက်ရောက်ရှိစေချင်ပါက Whitelist ထဲတွင် ၎င်း Email Address ကိုလည်းကောင်း၊ @domain.com တစ်ခုလုံးအား Wildcard အနေဖြင့်သော်လည်းကောင်း Email Whitelist ထဲတွင် ထားပေးနိုင်ပါသည်။

Spam Filter တွင် Whitelist ထည့်သွင်းရန် အောက်ပါ step များကိုကြည့်ပါ။

  • Hosting Control Panel (cPanel) ကို login ပါ။ Login မဝင်ရသေးပါက login ဝင်ရန် ဤ link အားနိပ်ပါ
  • Email အောက်ရှိ Spam Filters သို့ သွားပါ။
  • Show Additional Configurations ကို နှိပ်ပါ။
  • 'Edit Spam Whitelist Settings' ကို၀င်၍ မိမိ Whitelist ထားချင်သော Email Account / @domain.com ကို သတ်မှတ်နိုင်ပါသည်။
    - [email protected] - ၎င်း Email account တစ်ခုအတွက်သာ
    - *@domain.com - * သည် Wildcard အနေဖြင့် ၎င်း domain.com ဖြင့် တည်ဆောက်ထားသော Email Account များအားလုံး (eg: [email protected], [email protected], etc.. များ အစရှိသည်)
  • အသစ် အသစ်သော Email Account / @domain.com များကို သတ်မှတ်ချင်ပါက '+ Add A New "Whitelist_from" item' ကိုနှိပ်၍ ထပ်မံ သတ်မှတ်နိုင်ပါသည်။
  • ပြီးလျှင် 'Update Whitelist (whitelist_from)' ကို နှိပ်၍ သိမ်းဆည်းပေးရပါမည်။

Blacklist (Emails Never Allowed) ထားရှိခြင်း

Whitelist ကဲ့သို့ပင် မိမိတို့ အလိုမရှိသော Email Address (Spam Email Address) များကို Blacklist Setting တွင် သတ်မှတ်ပေးထားနိုင်ပါသည်။ အောက်ပါ step များကိုကြည့်ပါ။

  • Hosting Control Panel (cPanel) ကို login ပါ။ Login မဝင်ရသေးပါက login ဝင်ရန် ဤ link အားနိပ်ပါ
  • Email အောက်ရှိ Spam Filters သို့ သွားပါ။
  • Show Additional Configurations ကို နှိပ်ပါ။
  • 'Edit Spam Blacklist Settings' ကို၀င်၍ မိမိ Blacklist ထားချင်သော Email Account / @domain.com ကို သတ်မှတ်နိုင်ပါသည်။
    - [email protected] — ၎င်း Email account တစ်ခုအတွက်သာ
    - *@domain.com - * သည် Wildcard အနေဖြင့် ၎င်း domain.com ဖြင့် တည်ဆောက်ထားသော Email Account များအားလုံး (eg: [email protected], [email protected], etc.. များ အစရှိသည်)
  • အသစ် အသစ်သော Email Account / @domain.com များကို သတ်မှတ်ချင်ပါက '+ Add A New "Blacklist_from" item' ကိုနှိပ်၍ ထပ်မံ သတ်မှတ်နိုင်ပါသည်။
  • ပြီးလျှင် 'Update Blacklist (blacklist_from)' ကို နှိပ်၍ သိမ်းဆည်းပေးရပါမည်။