Domain အား WordPress blog နှင့် ချိတ်ဆက်ပုံအဆင့်ဆင့်

Step-1
အနေဖြင့် Domain အား Shwe Hosting မှ ဝယ်ယူပြီးပြီဟု ယူဆပါမယ်။

Step-2
အနေဖြင့် Domain ၏ NameServers ကိုကြည့်ပါမယ်။

  • Domain Control Panel ကို login ဝင်ရန် ဤ link အားနိပ်ပါ
  • Manage Orders -> List/Search Orders ကိုနိပ်ပြီး သင်၏ domain name ကိုနိပ်ပါ
  • Domain Registration အောက်တွင် Name Servers ကိုနိပ်ပါ
  • Default NameServer များကို အောက်ပါပုံအတိုင်းမြင်ရပါမည် (ns5.netscriper.com ~ ns8.netscriper.com)။
  • ထို NameServers များကို WordPress NameServers များသို့အောက်ပါပုံအတိုင်းပြောင်းပါ
    NS1.WORDPRESS.COM
    NS2.WORDPRESS.COM
    NS3.WORDPRESS.COM

Step-3
wordpress.com တွင် custom domain အတွက် setting ပြောင်းပါမယ်။

  • သင်၏ WordPress blog သို့ login ဝင်ပါ
  • Dashboard မှ Store -> Domains ကိုသွားပါ
  • အောက်ပါပုံအတိုင်း သင်၏ domain အားရိုက်ထဲ့ပါ 'Add domain to blog' ကိုနိပ်ပါ
  • နောက် page တွင် 'I already own (yourdoman.com) and would like to map it to WordPress.com' ကို tick လုပ်ပြီး 'Yes! Start Mapping My Domain' ကိုနိပ်ပါ
  • နောက် page တွင် WordPress ကို $13.00 a year ပေးရပါမယ် (Credit card ရှိရပါမယ်)
  • သတိပြုရန်။   ။ ဒီနေရာမှာ ပေးရတာက WordPress ကိုပေးရတာပါ။ Shwe မှ Domain ရှိပြီးသားမို Domain ဖိုးထပ်ပေးစရာမလိုပါဘူး။ ဒါပေမဲ့ WordPress မှာ ကိုယ်ပိုင် Domain နဲ့သုံးလို့ပေးရတာပါ။ Blogger (blogspot) မှာဆိုပေးဘို့မလိုပါဘူး။

Step-4
ပိုက်ဆံပေးပြီးလျှင် domain setting ပြောင်းပါမယ်။

  • Dashboard မှ Store -> Domains ကိုပြန်သွားပါ
  • ဒီအခါမှာတော့ သင်၏ Domain အား အောက်ပါပုံအတိုင်း မြင်နေရမှာပါ
  • သင်၏ Domain အားရွေးပြီး 'Update Primary Domain' ကိုနိပ်ပါ။ သင်၏ blog အား domain ဖြင့်မြင်ရပါပြီ။