Domain အား Blogspot နှင့် ချိတ်ဆက်ပုံအဆင့်ဆင့်

Step-1
အနေဖြင့် Domain အား Shwe Hosting မှ ဝယ်ယူပြီးပြီဟု ယူဆပါမယ်။

Step-2
အနေဖြင့် Domain ၏ Nameservers ကိုကြည့်ပါမယ်။

  • Domain Control Panel ကို login ဝင်ရန် ဤ link အားနိပ်ပါ
  • Manage Orders -> List/Search Orders ကိုနိပ်ပြီး သင်၏ domain name ကိုနိပ်ပါ
  • Domain Registration အောက်တွင် Name Servers ကိုနိပ်ပါ
  • Name Servers များသည် အောက်ပါပုံအတိုင်းဖြစ်ရပါမည် (ns5.netscriper.com, ns6.netscriper.com, ns7.netscriper.com, ns8.netscriper.com)။ မဟုတ်လျှင်ပြောင်းပါ။
  • Domain Control Panel ကိုမပိတ်လိုက်ပါနဲ့

Step-3
blogger.com တွင် custom domain အတွက် setting ပြောင်းပါမယ်။

  • www.blogger.com သို့ login ဝင်ပါ
  • ဒီ domain နှင့် ချိတ်ဆက်မည့် blog ၏ Settings ကိုသွားပါ
  • အောက်ပါပုံအတိုင်း Publishing အောက်ရှိ 'Custom Domain' ကိုနှိပ်ပါ။
  • မိမိ ချိတ်ချင်သော Domain Name ကို ရေး၍ Save ကို နှိပ်ပါ။
  • အောက်ပါပုံတွင် တွေ့မြင်ရတဲ့ Value တွေက CNAME ပြုလုပ်ရမဲ့ Value တွေပါ၊ အဲ့ဒါကြောင့် အဲ့ဒီ Page ကိုမပိတ်လိုက်ပါနဲ့။

Step-4
Domain Control Panel ထဲတွင် DNS ပြောင်းလဲခြင်း

  • စောစောက သင့် domain page ၏ DNS Management အောက်တွင် 'Manage DNS' ကိုနိပ်ပါ
  • 'CNAME Records' ကိုနိပ်ပါ။ List of CNAME Records အောက်တွင် www.yourdomain.com record မရှိသေးပါက 'Add CNAME Record' ကိုနိပ်ပါ
  • အောက်ပါပုံအတိုင်း Host Name တွင် www ထည့်ပြီး Value တွင် ghs.google.com ထည့်ပါ။
    'Add Record' နိပ်ပါ
  • နောက်တစ်ခေါက် 'CNAME Records' ကိုသွားပြီး 'Add CNAME Record' ကိုနိပ်ပါ
  • Blogger မှ 'Name' ရှိ Value ကို Copy ကူးပြီး Domain Control Panel ရှိ Host Name တွင်ထည့်ပါ။
  • 'Destination' ရှိ Value ကို Copy ကူးပြီး Domain Control Panel ရှိ Value တွင်ထည့်ပါ။ 'Add Record' နိပ်ပါ။

Step-5
Blogger ထဲတွင် verify ပြန်လုပ်ပါမယ်

  • CNAME များထည့်သွင်းပြီး ၁ နာရီ ၂နာရီ ကြာလျှင် စောစောက Blogger တွင် 'Save' ပြန်နိပ်ပါ။ ဒီအခါမှာတော့ စောစောက Error မရှိတော့ပဲ သင်၏ blog အား domain ဖြင့်မြင်ရပါပြီ။

Step-6 (optional)
သင်၏ blog အား www မပါပဲ domain သီးသန့် (eg. yourdomain.com) ဖြင့် အသုံးပြုလို့ရအောင်ပြုလုပ်ခြင်း
ဒီ step က optional ပါ။ မလုပ်ချင်ရင်လဲ မလုပ်လိုရပါတယ်။

  • စောစောက သင့် Domain Control Panel ၏ 'Manage DNS' ထဲတွင် 'A Records' menu ကိုနိပ်ပါ
  • 'Add CNAME Record' ကိုနိပ်ပါ
  • အောက်ပါ IP address များအတိုင်း A Record ပြုလုပ်ပါ
    - 216.239.32.21
    - 216.239.34.21
    - 216.239.36.21
    - 216.239.38.21
  • ၄ ခုလုံးထည့်ပြီးသွားပါက ဤသို့မြင်ရပါမယ်
  • ထို့နောက် Blogger ရှိ blog ၏ setting >> Custom Domain ကိုပြန်သွားပါ။ မိမိ Domain ၏ နောက်တွင်ရှိသော 'Edit' အားနှိပ်ပါ။ Redirect Domain ကို 'On' ပေးပါ။
  • A Record များထည့်သွင်းပြီး ၁ နာရီ ၂နာရီ ကြာလျှင် သင်၏ blog အား www မပါပဲ အသုံးပြုလို့ရပါပြီ။