E-mail account တည်ဆောက်ခြင်း

Shwe မှာ Hosting ဝယ်ရင် ကိုယ်ပိုင် E-mail account ဥပမာ - yourname@yourdomain.com များ Create လုပ်လို့ရပါတယ်။ အောက်ပါ step များကိုကြည့်ပါ။

  • Hosting Control Panel (cPanel) ကို login ပါ။ Login မဝင်ရသေးပါက login ဝင်ရန် ဤ link အားနိပ်ပါ
  • cPanel ထဲရှိ E-mail ဆိုတဲ့ခေါင်းစဉ်အောက်မှာ "E-mail Accounts" ဆိုတာကိုနှိပ်ပါ
  • Email Accounts ထဲတွင် "CREATE" ကို နှိပ်ပြီး လူကြီးမင်းတို့ပြုလုပ်လိုသော Email Account များ ပြုလုပ်နိုင်ပါပြီ။
  • Domian တစ်ခုထက်မကရှိပါက Dropdown တွင်မိမိလိုချင်သော Domain အား select လုပ်ပါ
  • Email box တွင် သင်လိုချင်သော email address ၏ @ sign မတိုင်ခင် part သာရိုက်ထဲ့ရန်လိုသည်
    (ဥပမာ - HR Department အတွက် Email အကောင့် ပြုလုပ်လိုပါက User Name နေရာတွင် hr ကိုထည့်ပါ)
  • Password box တွင်ထည့်ရသော Password မှာ ထို E-mail Account ကို Login ဝင်ရန်ဖြစ်ပါတယ်။ သေချာစွာမှတ်သားထားပါ။ Password အား Generate လုပ်လို့ရပါသည်။ Email Password ကို ပိုမိုလုံခြုံမှုရှိစေရန် Lowercase, Uppercase Letters, Numbers, and Special Character Symbols (!@#$%) များဖြင့်တွဲဖက်၍ Password Strength ကောင်းအောင်ထည့်ပေးရပါမယ်။
  • Password (Again) နေရာတွင် အပေါ်တွင် ပြုလုပ်ခဲ့သော Password ကို ပြန်ထည့်ပေးရပါမယ်။
  • Storage Space ဆိုသည်မှာ ထို E-mail Account ကို Disk Space ကန့်သတ်ခြင်းဖြစ်ပါတယ်
  • အားလုံးပြီးရင် Create Account ကိုနှိပ်ပါ
  • Successful ဖြစ်သည်ဆိုသည်နှင့်တစ်ကွ ထို E-mail Account အား စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်
E-mail account တည်ဆောက်ခြင်း (Video Tutorial - T010)