cPanel ထဲတွင် Password ပြောင်းလဲခြင်း

Shwe Hosting မှ Customer များအနေဖြင့် မိမိတို့၏ Hosting Control Panel (cPanel) Password အား အလွယ်တကူ change နိုင်ပါသည်။ အောက်ပါ step များကိုကြည့်ပါ

Step-1

  • အနေဖြင့် မိမိ၏ cPanel အကောင့်ထဲသို့ login ဝင်ရမည်ဖြစ်သည်။
  • Login မဝင်ရသေးပါက login ဝင်ရန် ဤ link အားနိပ်ပါ

Step-2

  • အနေဖြင့် အောက်ပါပုံအတိုင်း မိမိ Login User Name Dropdown နေရာကို နှိပ်ပြီး Expand လုပ်ရပါမည်။
  • ထို့နောက် Password & Security ကို နှိပ်ရမည်ဖြစ်သည်။
  • အောက်ပါ Screen ပေါ်လာမည်ဖြစ်သည်။ ထို Screen တွင် Old Password နေရာ၌ မိမိ၏ လက်ရှိ Password ကိုထည့်ရမည်။
  • New Password နေရာ၌ မိမိစိတ်ကြိုက် Password အသစ်ထည့်နိုင်သည်။ (Password Generator အသုံးပြုပြီးလည်း New Password ထည့်နိုင်သည်။)
  • Retype Password နေရာ၌ New Password တွင်ထည့်ထားသော Password အား ပြန်ထည့်ရမည်ဖြစ်သည်။
  • ထို့နောက် Change Your Password Now ကိုနှိပ်ပြီး Password Change နိုင်ပါပြီ။