Spam Email များမဝင်စေရန် Spam Filter ချိန်ညှိအသုံးပြုပုံ

Spam Filter ဆိုသည်မှာ မိမိတို့ မလိုလားသော/မလိုလားအပ်သော Email (Spam mail) များ မိမိတို့၏ Email Inbox ထဲသို့ ဝင်ရောက်ခြင်းကိုတားဆီးရန်အတွက် အသုံးပြုသော အရာတစ်ခုဖြစ်ပါသည်။ Spam Filter များသည် မိမိတို့၏ Email သို့ ၀င်ရောက်လာသော Email Message များကို Spam Mail ဟုတ်/မဟုတ် ခွဲခြားသတ်မှတ်၍ Spam Box သို့ပို့ခြင်း သို့မဟုတ် ဖျက်ပြစ်ခြင်း စသည်ဖြင့် ပြုလုပ်ပေးပါသည်။ ၎င်းအပြင် Email Whitelist နှင့် Blacklist Setting များကိုလည်း သတ်မှတ်နိုင်ပါသည်။

Spam Filter များကို ချိန်ညှိရန် အောက်ပါ step များကိုကြည့်ပါ။

  • Hosting Control Panel (cPanel) ကို login ပါ။ Login မဝင်ရသေးပါက login ဝင်ရန် ဤ link အားနိပ်ပါ
  • Email အောက်ရှိ Spam Filters သို့ သွားပါ။

Spam Threshold Score ချိန်ညှိခြင်း

Spam Threshold Score ဆိုသည်မှာ လက်ရှိ မိမိတို့အသုံးပြုနေသော Email Account သို့၀င်ရောက်လာသော Email Message များကို Spam Mail ဟုတ် / မဟုတ် သတ်မှတ်နိုင်ရန်အတွက် တိကျသည့် Score များကို ထားရှိပေးရသည့် Setting တစ်ခုဖြစ်ပါသည်။ အကယ်၍ Email message တစ်ခုသည် မိမိထားရှိထားသည့် Spam Threshold Score ဖြင့် ကိုက်ညီသော (သို့) ကျော်လွန်နေပါက ၎င်း Email များကို Spam Mail အဖြစ်သတ်မှတ်၍ Spam Box (Spam Box ကို Enable ပြုလုပ်ပေးထားရန်လိုပါသည်) သို့ ရောက်ရှိမည်ဖြစ်ပါသည်။

Spam Threshold Score ကို Default အနေဖြင့် "5" ထားရှိပေးထားပါသည်။ အကယ်၍ Spam Email များ အများအပြား ၀င်ရောက်နေ၍ ၎င်း Spam Score ကို ပြင်ဆင်ချင်ပါက Custom ကို ရွေး၍ မိမိစိတ်ကြိုက် Spam Score အား ထားရှိနိုင်ပါသည်။

Spam Threshold Score ကို ပြင်ဆင်သတ်မှတ်ရန်အတွက် အောက်ပါအတိုင်း သတ်မှတ်နိုင်ပါသည်။

  • Spam Filters စာမျက်နှာတွင်ရှိသော 'Process New Emails and Mark them as Spam' box အား ပိတ်နေပါက 'On' ဖွင့်ပေးပါ။
  • ထို အောက်ရှိ 'Spam Threshold Score' Link အား နှိပ်ပါ။
  • 'Default (5) (Current) ဆိုသော Drop Down ကို နှိပ်၍ အခြား Predefined Value (eg: 4, 8) များ အသုံးပြုလိုပါက ရွှေးချယ်နိုင်သည်။ (သို့)
  • Custom Value များထည့်လို့ပါက 'Custom' ကို ရွေးပါ။
  • ပြီးလျှင် မိမိ ထားရှိမည့် Spam Score (eg: 3 or 4) ကို သတ်မှတ်ပြီး 'Update Scoring Options' ကို နှိပ်ပါ။
  • Spam Threshold Score ကို မိမိစိတ်ကြိုက် သတ်မှတ်ထားပြီး ဖြစ်ပါသည်။ Default (5) ပြန်ထားချင်ပါကလည်း အထက်ပါအတိုင်း တစ်ဆင့်ချင်းသွား၍ ယခင် Default အတိုင်း ပြန်လည် ထားရှိနိုင်ပါသည်။

Spam Email များအား Auto-Delete ပြုလုပ်ခြင်း

မိမိတို့၏ Email ထဲသို့၀င်ရောက်လာသော Spam Email များကို မိမိသတ်မှတ်ထားသည့် Auto-Delete Threshold Score ထက်ကျော်လွန်ပါက ၎င်း Spam Email များကို 'Spam Box' ထဲသို့ မဟုတ်ပဲ Auto Delete အနေဖြင့်ထား၍ရပါသည်။

Spam Filters စာမျက်နှာတွင် အောက်ပါ ပုံအတိုင်း Automatically Delete New Spam (Auto-Delete) ကို Enabled လုပ်ပေးပါ။ လက်ရှိတွင် Auto-Delete Threshold Score မှာ "5" ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ mail သို့၀င်ရောက်လာသော Email များသည် သတ်မှတ်ထားသည့် Score - 5 (သို့) 5 ထက် ကျော်လွန်ပါက Spam Mail အဖြစ်သတ်မှတ်ပြီး ၎င်း Email များကို ပယ်ဖျက်လိုက်သောကြောင့် Spam Box / Inbox ထဲသို့ရောက်တော့မည် မဟုတ်ပါ။