E-mail အား Gmail ဖြင့် ချိတ်ဆက်အသုံးပြုပုံ

Shwe Hosting မှ E-mail account များ (ဥပမာ - yourname@yourdomain.com) ကို Gmail (Google Email) ဖြင့် လွယ်ကူစွာအသုံးပြုလို့ရပါတယ်။ အောက်ပါ step များကိုကြည့်ပါ။

Step-1
Hosting Control Panel (cPanel) ကို login ဝင်ပြီး E-mail အားတည်ဆောက်ပါ။ E-mail မတည်ဆောက်ရသေးပါက ဤ link တွင်ကြည့်ပါ

Step-2
အနေဖြင့် သင်၏ Gmail ဖွင့်ရပါမယ်၊ ပြီးနောက်အောက်ပုံတွင် မြင်ရသည့်အတိုင်း Gmail ထဲရှိ Setting ထဲသို့ဝင်ပါ။

Step-3
အောက်ပါပုံတွင်ဖော်ပြထားသည့်အတိုင်း 'Accounts and Import' tab အောက်ရှိ Add a POP3 mail account you own ကိုနှိပ်ပါ။

Step-4
အနေဖြင့် E-mail စထည့်ပါမယ်။

  • E-mail address တွင်သင်၏ E-mail အားရိုက်ထည့်ပါ၊ ထို့နောက် Next Step ကိုနှိပ်၍နောက် တစ်ဆင့်ဆက်တက်ပါမယ်။
  • သင့် E-mail ၏ User name နှင့် Password သာဖြည့်ဆွတ်ပေးပါ၊ သတိထားရမည့်အချက်မှာ POP Server ဖြည့်ဆွတ်ရန်နေရာတွင် mail. ဖြစ်နေရပါမယ် smtp. ဟုပေါ်နေပါကပြင်ရေးပေးရပါမယ်။
  • Lable incoming massages တွင် သင်၏ E-mail ထည့်၍ အမှန်ခြစ်ရန်လိုအပ်ပါသည်။
  • အားလုံးဖြည့်ဆွတ်ပြီးပါက Add Account ကိုနှိပ်၍ နောက်တစ်ဆင့်ဆက်တက်ပါ။
  • အောက်ပုံတွင်ပြထားသည့်အတိုင်း Yes ကိုနှိပ်၍ Next Step ကိုဆက်နှိပ်ပေးရပါမယ်။

Step-5
အနေဖြင့် သင်၏ E-mail ဖြင့် E-mail ပို့ရန် ဆက်လုပ်ပါမယ်။

  • အောက်ပုံတွင်ပြထားသည့်အတိုင်း Name တွင် သင်ပေါ်လိုသောနာမည်ရေးပါ။
  • နောက်တစ်ဆင့်တက်ရန် Next Step ကိုဆက်နှိပ်ပါ။
  • အောက်ပုံတွင်ပြထားသည့်အတိုင်း ထိုနေရာတွင် ဂရုပြုသင့်ပါသည် SMPT Server နေရာတွင် mail. အဖြစ်ဖြည့်ဆွတ်ပေးပြီး Add Account ကိုနှိပ်၍ ဆက်သွားပါ။
  • Verify Code Number ဖြည့်ရန် နေရာသို့ရောက်လျှင် ဤအဆင့်တွင်ဒီအတိုင်းခဏထားပြီး (မပိတ်ပစ်ပါနဲ့) သင့်ရဲ့ G-mail Inbox ထဲသို့ Mail ရောက်မရောက်ပြန်ကြည့်ရပါမယ်။
  • သင့်ရဲ့ G-mail Inbox ကိုဖွင့်ကြည့်ပါ၊ Gmail Team ဆိုသော mail ရောက်နေပါကဖွင့်ကြည့်ပါ။
  • ထို Gmail Team ထဲမှ Verify Code အား Copy လုပ်ပါ။
  • ပုံတွင်မြင်ရသည့်အတိုင်း အထက်တွင် Copy လုပ်ထားသော Code Number အား Paste ချပေးပြီး Verify နှိပ်လိုက်ပါ၊ သင့်ရဲ့ G-mail အား E-mail ဖြင့်ချိတ်ဆက်မှူ ပြီးဆုံးသွားမည်ဖြစ်သည်။
  • Gmail Setting ထဲရှိ Accounts and Import >> Send mail as: နေရာတွင်သင့်ရဲ့ E-mail Addresses အားတွေ့ရပါမည်။
  • အားလုံးပြီးဆုံးသွားပါက သင်၏ Hosting မှ Email (ဥပမာ - yourname@yourdomain.com) အား Gmail ပေါ်တွင့်အသုံးပြုလို့ရပါပြီ