E-mail အား Windows 10 တွင် default ပါဝင်သော Mail Application ဖြင့်အသုံးပြုပုံ

Shwe Hosting မှ E-mail account များ (ဥပမာ - yourname@yourdomain.com) ကို Windows 10 တွင် default ပါဝင်သော Mail Application ဖြင့် လွယ်ကူစွာအသုံးပြုလို့ရပါတယ်။ အောက်ပါ step များကိုကြည့်ပါ။

Step-1
Hosting Control Panel (cPanel) ကို login ဝင်ပြီး E-mail အားတည်ဆောက်ပါ။ E-mail မတည်ဆောက်ရသေးပါက ဤ link တွင်ကြည့်ပါ

Step-2
အနေဖြင့် Windows 10 တွင် default ပါဝင်သော Mail Application ရှိ Outlook တွင် configure လုပ်ပါမယ်။

  • Mail ဆိုသော Application အား စတင်ဖွင့်ရပါမယ်၊ အောက်ပါပုံကိုမြင်ရပါက Get Started ကိုနှိပ်ပါ
  • ထို့နောက် အောက်ပါ Screen တွင်မြင်ရသည့်အတိုင်း Account Configure လုပ်ရန် Add Account နှိပ်ပါ
  • ထို့နောက် အောက်ပါ screen ပေါ်လာလျှင် Advanced Setup ကို နှိပ်ပါ။ (Advanced Setup အား မမြင်ရပါကအောက်ကို scroll လုပ်ပါ)
  • ထို့နောက် အောက်ပါ screen တွင် Internet email ကိုရွေးရပါမယ်
  • အောက်ပါ Screen တွင် Account Name တွင်သင်၏ E-mail address နှင့် Your Name တွင်သင်၏ Name အားရိုက်ထည့်ပါ
  • Incoming email server တွင် mail. ဟုခံကာ သင်၏ Domain အားရိုက်ထည့်ပါ။ (ဥပမာ - သင်၏ domain သည် abc.com ဖြစ်ပါက mail.abc.com ဟုရိုက်ပါ)
  • Account type တွင် POP3 ကိုရွေးပေးပါ
  • ထို့နောက် အောက်ကို scroll လုပ်ပါ
  • ထို့နောက် ပေါ်လာသော Screen ၌ username တွင် သင်၏ E-mail address အားထည့်ပါ
  • ပြီးနောက် သင်၏ Email Password အားထည့်ပါ
  • Outgoing email server တွင် အထက်ပါ incoming server တွင် ဖြည့်ခဲ့သည့်အတိုင်း mail. ဟုခံကာ သင်၏ Domain အား ရိုက်ထည့်ပါ
  • ထို့နောက် Sign In နှိပ်ပါ
  • ပြီးနောက် သင့် E-mail account အား Windows 10 default Mail Application ဖြင့် စတင်အသုံးပြုနိုင်သည်အား ဤပုံအတိုင်းတွေ့ရမည်