E-mail အား Mozilla Thunderbird ဖြင့်အသုံးပြုပုံ

Shwe Hosting မှ E-mail account များ (ဥပမာ - [email protected]) ကို Mozilla Thunderbird (Desktop Application) ဖြင့် လွယ်ကူစွာအသုံးပြုလို့ရပါတယ်။ အောက်ပါ step များကိုကြည့်ပါ။

Step-1
Hosting Control Panel (cPanel) ကို login ဝင်ပြီး E-mail အားတည်ဆောက်ပါ။ E-mail မတည်ဆောက်ရသေးပါက ဤ link တွင်ကြည့်ပါ

Step-2
အနေဖြင့် Mozilla Thunderbird တွင် configure လုပ်ပါမယ်။

  • Thunderbird အားစတင်ဖွင့်ရပါမယ်။ အောက်ပါပုံကိုမြင်ရပါက၊ ညာဘက်ထောင့်တွင် ရှိသော Menu Key ကိုနှိပ်ပါ
  • ထို့နောက် အောက်ပါ Screen တွင်မြင်ရသည့်အတိုင်း Drop-Down Menu လေးတစ်ခုပေါ်လာပါက Options > Account Settings ကိုနှိပ်ပါ
  • Account Settings Tab ပွင့်လာပါလိမ့်မယ်။ Account Actions > Add Mail Account... ကိုနှိပ်ပါ
  • အောက်ပါ Screen တွင် Your Name တွင်သင်၏ Name၊ E-mail address တွင်သင်၏ E-mail နှင့် Password တွင်သင့် Email ၏ Password ကိုရိုက်ထည့်ပေးပြီး၊ "Continue" ကိုနှိပ်ပါ
  • အောက်ပါ Screen အတိုင်း "POP3 (keep mail on your computer)" ကိုရွေးပေးပြီး "Done" ကိုနှိပ်ပါ
  • ပြီးနောက် သင့် E-mail account ဖြင့် Thunderbird ကိုစတင်အသုံးပြုနိုင်သည်အား ဤပုံအတိုင်းတွေ့ရပါမည်