E-mail အား Microsoft Outlook (iOS & Android) Mobile App ဖြင့် ချိတ်ဆက်အသုံးပြုပုံ
- Home
- Technical Support
- Tutorials in Myanmar
- E-mail အား Microsoft Outlook (iOS & Android) Mobile Phone App ဖြင့် ချိတ်ဆက်အသုံးပြုပုံ
Shwe Hosting မှ E-mail account များ (ဥပမာ - yourname@yourdomain.com) ကို Microsoft Outlook (iOS & Android) Mobile Phone App များဖြင့် လွယ်ကူစွာအသုံးပြုလို့ရပါတယ်။ Andorid Phone / iOS Phone များတွင် Google Play Store / Apple App Store များမှ Download ရယူထားသော Outlook App တွင် လူကြီးမင်းတို့၏ Domain mail ကို ချိတ်ဆက်အသုံးပြုလိုပါက အောက်ပါအတိုင်း ချိတ်ဆက် အသုံးပြုနိုင်ပါသည်။
Step-1
Hosting Control Panel (cPanel) ကို login ဝင်ပြီး E-mail အားတည်ဆောက်ပါ။ E-mail မတည်ဆောက်ရသေးပါက ဤ link တွင်ကြည့်ပါ
Step-2
မိမိ အသုံးပြုနေသော Phone အမျိုးအစား (ဥပမာ - Android / iOS) ပေါ်မူတည်၍ Google Play Store / Apple App Store မှ Microsoft Outlook App ကို Download & Install ပြုလုပ်ပါ။
Step-3
Download ပြုလုပ်ပြီးပါက Outlook ကို ဖွင့်ပါ။ ပြီးလျှင် Add Account ကို နှိပ်ပါ။
Step-4
Outlook တွင် ချိတ်ဆက်အသုံးပြုမည့် မိမိ၏ Email Account ကို ထည့်ပြီးလျှင် Continue ကို နှိပ်ပါ။
Step-5
အောက်ပါအတိုင်း ပုံ-၁ (သို့မဟုတ်) ပုံ-၂ အတိုင်းတွေ့ရပါလိမ့်မည်။
- သင်သည် ဤ Mobile App တစ်ခုထဲဖြင့် သင့်၏ Email များကို အသုံးပြုမည် (အခြားသော Computer / Device / Gmail / Outlook / Tablet / Mobile များဖြင့် မသုံးပါက) POP3 ဖြင့်သွားနိုင်ပါသည်။ * POP3 သည် သင့် Mailbox မှ Email များအားလုံးအား ဤ Device/App တစ်ခုထဲ အတွက်သာ Download ဆွဲချယူသွားမည်ဖြစ်သည်။
- အကယ်၍ သင်သည် သင့်၏ Email ကို ဤ Mobile App တစ်ခုထဲမကပဲ (အခြားသော Computer / Device / Gmail / Outlook / Tablet / Mobile များဖြင့်လည်း) လက်ရှိ အသုံးပြုနေပါက ထို Device/App များတွင်ပါ Synchronize ဖြစ်နေရန် IMAP ကိုရွေးပါ။
Step-6
မိမိ Email ၏ Email Setting များထည့်သွင်းပါ။
- Incoming & Outgoing Server တွင် mail. နှင့် သင်၏ Domain ရိုက်ထည့်ရမည်။ (ဥပမာ - သင့် Domainသည် abc.com ဖြစ်နေပါက mail.abc.com သာဖြစ်ရမည်)
- Port များ မှန်ကန်စွာ ထည့်ပေးပါ
- Username နေရာတွင် Email အပြည့်အစုံရိုက်ထည့်ပါ
- Password နေရာတွင် သင့် Email Account ၏ Password ရိုက်ထည့်ပါ
- ပြီးလျှင် Next / Save နှိပ်ပါ
Step-7
အခြား Email Account များ ထပ်မံချိတ်ခြင်း (လိုအပ်မှ ပြုလုပ်ပါရန်)
- ယခု Outlook တွင်ပင် အခြား Email Account များ ထပ်မံချိတ်ဆက်လိုပါက Add ကိုနှိပ်၍ (အထက်ပါ Step-4 မှ 6 အတိုင်း) ချိတ်ဆက်နိုင်ပါသည်။
- အခြား အကောင့်တစ်ခု ထပ်မံချိတ်ဆက် အသုံးပြုစရာမရှိတော့ပါက Maybe Later ကို နှိပ်ပါ။
- Email များ စတင် အသုံးပြု၍ ရပြီဖြစ်ပါသည်။
- Home
- Technical Support
- Tutorials in Myanmar
- E-mail အား (Android) Mobile Phone App ဖြင့် ချိတ်ဆက်အသုံးပြုပုံ