E-mail အား Microsoft Outlook 2010 ဖြင့်အသုံးပြုပုံ

Shwe Hosting မှ E-mail account များ (ဥပမာ - [email protected]) ကို Microsoft Outlook 2010 ဖြင့် လွယ်ကူစွာအသုံးပြုလို့ရပါတယ်။ အောက်ပါ step များကိုကြည့်ပါ။

Step-1
Hosting Control Panel (cPanel) ကို login ဝင်ပြီး E-mail အားတည်ဆောက်ပါ။ E-mail မတည်ဆောက်ရသေးပါက ဤ link တွင်ကြည့်ပါ

Step-2
အနေဖြင့် Microsoft Office 2010 ရှိ Outlook တွင် configure လုပ်ပါမယ်။

  • Microsoft Outlook 2010 အားစတင်ဖွင့်ရပါမယ်၊ အောက်ပါပုံကို မြင်ရပါက Next ကိုနှိပ်ပါ
  • ထို့နောက် အောက်ပါ Screen တွင်မြင်ရသည့်အတိုင်း သင်၏ E-mail account အား Configure ပြုလုပ်ရန် Yes ကိုနှိပ်၍ Next ကိုနှိပ်ပါ
  • ထို့နောက် အောက်ပါ Screen တွင် 'Manually configure...' ကိုရွေးပါ၊ Next ကိုနှိပ်ပါ
  • အောက်ပါ Screen တွင် Your Name တွင်သင်၏ Name နှင့် E-mail address တွင်သင်၏ E-mail အားရိုက်ထည့်ပါ
  • Server Information ၏ Incoming mail server နှင့် Outgoing mail server တွင် mail. ဟုခံကာ သင်၏ Domain အားရိုက်ထည့်ပါ၊
    ဥပမာ - သင်၏ domain သည် abc.com ဖြစ်ပါက mail.abc.com ဟုရိုက်ပါ။
  • Login Information ၏ User Name တွင် သင့် E-mail ရိုက်ထည့်ပါ၊ Password တွင် သင့် E-mail account ၏ Password သာဖြည့်ဆွတ်ပေးပါ
  • ထို့နောက် More Settings ကိုနှိပ်ပါ
  • အောက်ပါ Screen အတိုင်း Outgoing Server tab တွင် 'My outgoing server (SMTP) requires authentication' ကို Tick လုပ်ပါ
  • Option တွင် 'Use same settings as my incoming mail server' ကိုရွေးပါ
  • အောက်ပါ Test Account Settings တွင် Test successful ဖြစ်ပါက Close ကို နိုပ်ပါ၊ Finish ကို နှိပ်ပါ
  • ပြီးနောက် သင့် E-mail account ဖြင့် Outlook စတင်အသုံးပြုနိုင်သည်အား ဤပုံအတိုင်းတွေ့ရမည်
E-mail အား Microsoft Outlook 2010 ဖြင့်အသုံးပြုပုံ (Video Tutorial - T017)